ရွာရှည်ရွာ၊ ဝမ်းတွင်းမြို့နယ်
ရွာရှည်ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုတွင် တည်ရှိသော ရွာတစ်ရွာ ဖြစ်သည်။ ဝမ်းတွင်းမြို့၏မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။၂၀၁၄သန်းခေါင်စာရင်းအရအိမ်ခြေ ၉၉၆ အိမ်ရှိပြီး လူဦးရေ ၅၀၅၆ ယောက် ရှိသည်။ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်ရှိသည်။ "လူပြော၊သူပြော၊သူငါပြောကြ၊ရွာရှည်ရွာကအလွန်၊တိုင်းမဒ္ဒနပြည်ပုဂံမှမင်းကျန်စစ်သားလေးငြိုးကဆိုးဝါးလှဝက်လျှင်း၊အတင်းတရစပ်တိုးဝှေ့သတ်က၊လံမြတ်စကြာလျှင်း၊ဝမ်းထွင်း......၍ဝမ်းတွင်းဟူသောရွာအရောက်ဟု"(နာနာဗန္ဓကဗျာကျမ်း)..စာမျက်နှာ၃၈တွင်ဖွဲ့ဆိုထားခြင်းကြောင့်ရွာရှည်ရွာသည်ရှေးယခင်တည်းကတည်ရှိသောရွာဟုသိရှိနိုင်သည်။ထို့အပြင်အသောကမင်းလက်ထပ်ကတူးဖော်ခဲ့သော ဆည်ကြီးဆွဲဘုရားရှိကန်တော်မင်္ဂလာအားအနော်ရထာမင်းလက်ထပ်တွင်ပြန်လည် ဆည်ဖို့ပြုရင်ရာတွင်လည်းရွာရှည်သူ/သားများပါဝင်ခဲ့ကြောင်းဆည်ကြီးဆွဲဘုရား ကျောက်စာမှတ်တမ်းအရသိရှိရပါသည်။( MPF Special Branch)